DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၆-၅-၂၀၂၄ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၂၃)

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၂၃)

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ  ၃၁  ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(­­­က)    မုန်တိုင်းငယ်အခြေအနေ

 

(၁)     ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းသို့ရောက်ရှိခဲ့ကာ၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း မြို့(Coco Island)၏  အနောက်-အနောက်တောင်ဘက် ရေမိုင် (၆၂၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၇၃၅)မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့(Trincomalee)၏ အရှေ့- အရှေ့တောင်ဘက် ရေမိုင်(၂၁၀)မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကာရိုင်ကယ်မြို့ (Karaikal)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၃၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေပါသည်။

(၂)      မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

 

(ခ)     မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

 

 အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တွင်  မြောက်လတ္တီကျု(၈.၁)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၄.၇)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်  လေဖိအား(၁၀၀၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်  မိုင်(၃၀)နှုန်းခန့် ဖြစ်ပါသည်။

 

 (ဂ)     နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်

 

အဆိုပါ မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီးနောက် တောင်-အနောက်တောင်ဘက်သို့ကွေ့ကာ၊ (၁.၂.၂၀၂၃)ရက်နေ့တွင် သီရိလင်္ကာနိုင်ငံကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်း ရပါသည်။

 

(ဃ)  သတိပေးနှိုးဆော်ချက် 

 

အဆိုပါ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် မွန်-တနင်္သာရီကမ်းရိုးတန်း တစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ လေပြင်းများကျရောက် ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ လေပြင်းများကျရောက်စဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၇)ပေမှ (၉)ပေခန့်ရှိနိုင်ပါသည်။

 

(င)     အကြံပြုချက်

 

သို့ဖြစ်ပါ၍ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မွန်-တနင်္သာရီကမ်းရိုးတန်း တစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။