DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၃-၇-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

 

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၇/၂၀၂၃)

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၇/၂၀၂၃)

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ  ၁  ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(­­­က)    မုန်တိုင်းငယ်အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် သိသိသာသာရွေ့လျားခြင်းမရှိဘဲ၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း မြို့(Coco Island)၏ အနောက်တောင်ဘက် ရေမိုင်(၇၄၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း မြို့(Hainggyikyun)၏ အနောက်တောင်ဘက် ရေမိုင်(၈၆၀)မိုင်ခန့်၊ သီရိလင်္ကာ နိုင်ငံ၊ ထရီကိုမာလီမြို့(Trincomalee)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၇၀)မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကာရိုင်ကယ်မြို့(Karaikal)၏ အရှေ့တောင် ဘက် ရေမိုင်(၂၃၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

(ခ)     မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

 အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်တွင်  မြောက်လတ္တီကျု(၈.၀)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၂.၃)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်  လေဖိအား(၁၀၀၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်  မိုင်(၃၀)နှုန်းခန့် ဖြစ်ပါသည်။

 (ဂ)     နောက်(၁၈)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ယနေ့ညတွင် သီရိလင်္ကာနိုင်ငံကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။