DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂-၁၀-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၃၅  မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့(Puri)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၁၀၅ မိုင်ခန့်၊ ဂိုလ်ပါပူမြို့ (Gopalpur)၏ တောင်-အရှေ့တောင်ဘက် ရေမိုင်  ၈၀ မိုင်ခန့်နှင့် ပါရာဒစ်ပ်မြို့(Paradip)၏ တောင်- အနောက်တောင်ဘက် ရေမိုင် ၁၄၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ယနေ့ညပိုင်းတွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်‌နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အင်ဒရာပရာဒေ့ရှ်ကမ်းခြေတို့ကို ဂိုလ်ပါပူမြို့နှင့် ပါရာဒစ်ပ်မြို့ တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။

 

အာရှဒေသမြို့ကြီးများအလိုက် လက်ရှိမိုးလေဝသအခြေအနေနှင့် မနက်ဖြန်အတွက်မိုးလေဝသခန့်မှန်းချက်များ(၂-၁၀-၂၀၂၅)

အာရှဒေသမြို့ကြီးများအလိုက် လက်ရှိမိုးလေဝသအခြေအနေနှင့် မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်များ(၂-၁၀-၂၀၂၅) ရက်နေ့ ထုတ်ပြန်ချက်

မြို့

လက်ရှိ

မိုးလေဝသ

အခြေအနေ

အပူချိန်

မနက်ဖြန်အတွက်

မိုးလေဝသ

ခန့်မှန်းချက်

အပူချိန်

အနိမ့်ဆုံး

အမြင့်ဆုံး

အနိမ့်ဆုံး

အမြင့်ဆုံး

နေပြည်တော်

မိုးရွာ ၂၄ ၃၀ မိုးရွာမည်။  ၂၄ ၃၀

ရန်ကုန်

မိုးရွာ ၂၄ ၃၀ မိုးရွာမည်။  ၂၄ ၃၀

တိုကျို

အများအားဖြင့်သာယာ ၁၉ ၂၇ မိုးရွာမည်။  ၂၀ ၂၆

ပေကျင်း

နေသာ ၁၅ ၂၉ တိမ်ထူထပ်မည်။ ၁၅ ၂၆

ဟောင်ကောင်

မိုးရွာ ၂၅ ၃၂ အများအားဖြင့်သာယာမည်။ ၁၅ ၂၆

မနီလာ

ထစ်ချုန်း ၂၆ ၃၂ ထစ်ချုန်းမည်။  ၂၅ ၂၉

ဟနွိုင်း

ထစ်ချုန်း ၂၄ ၃၃ တိမ်ထူထပ်မည်။ ၂၅ ၃၃

ကွာလာလမ်ပူ

ထစ်ချုန်း ၂၄ ၃၄ ထစ်ချုန်းမည်။  ၂၃ ၃၁

ဂျာကာတာ

မိုးရွာ ၂၃ ၂၉ ထစ်ချုန်းမည်။  ၂၄ ၃၃

စင်ကာပူ

ထစ်ချုန်း ၂၅ ၃၂ ထစ်ချုန်းမည်။  ၂၅ ၃၁

ဘန်ကောက်

မိုးရွာ ၂၆ ၃၅ မိုးရွာမည်။  ၂၆ ၃၄

ဗီယန်ကျင်း

မိုးရွာ ၂၅ ၃၄ ထစ်ချုန်းမည်။  ၂၄ ၃၄

ဖနွမ်းပင်

မိုးရွာ ၂၅ ၃၂ မိုးရွာမည်။  ၂၅ ၃၂
ဒါကာ မိုးရွာ ၂၅ ၂၇ မိုးရွာမည်။  ၂၆ ၃၀
ကိုးကာတား မိုးရွာ ၂၆ ၂၉ မိုးရွာမည်။  ၂၆ ၃၀
ကိုလံဘို မိုးရွာ ၂၇ ၃၂ ထစ်ချုန်းမည်။  ၂၆ ၃၂
နယူးဒေလီ မြူထူထပ် ၂၅ ၃၂ ထစ်ချုန်းမည်။  ၂၄ ၃၁