DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၂-၃-၂၀၂၆ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၅/၂၀၂၁)

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၅/၂၀၂၁)

 (၂၀၂၁ ခုနှစ်၊ မေလ (၂၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

(က)    အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “ယာစ် (YAAS)” အခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၁၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Very Severe Cyclonic Storm)“ယာစ် (YAAS)”သည်  အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်း ကမ်းခြေကို  ဘလာဆော(Balasore)မြို့တောင်ပိုင်းအနီးမှ ဖြတ်ကျော်ခဲ့ပြီး၊ အနောက် မြောက်ဘက်သို့ရွေ့လျားကာ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားလျော့ သွားခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသည် အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ နောက်(၆)နာရီအတွင်း ကုန်းတွင်းမုန်တိုင်း အဖြစ်လည်းကောင်း၊ နောက်(၁၂)နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်လည်းကောင်း တစ်ဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။

()     ယခုသတင်းသည် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “ယာစ် (YAAS)” အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။