DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၄-၇-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေတို့တွင် ပိုမိုအားကောင်းလာနိုင်ကာ အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ထိုမှတစ်ဆင့် နောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေများသို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်း ရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပါသည်။

 

နေ့စဉ်မိုးလေဝသသတင်း

 

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက

မွန်ပြည်နယ်တွင်နေရာကွက်ကျားမိုးအနည်းငယ်ရွာခဲ့ပြီး၊မကွေးတိုင်းဒေသကြီးနှင့်ချင်းပြည်နယ်တို့တွင်

အများအားဖြင့်သာယာခဲ့ကာ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်မှတိမ်ထူထပ်

ခဲ့ပါသည်။ညအပူချိန်များမှာဧရာဝတီတိုင်းဒေသကြီးတွင်ဖေဖော်ဝါရီလ၏ပျမ်းမျှအပူချိန်အောက်(၄)ဒီဂရီ

စင်တီဂရိတ်လျော့မနည်းခဲ့ပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်ဖေဖော်ဝါရီလ၏ပျမ်းမျှအပူချိန်

ခန့်သာရှိခဲ့ပါသည်။ထူးခြားသည့်ညအပူချိန်များမှာဟားခါးမြို့တွင်(၃)ဒီဂရီစင်တီဂရိတ်၊လွိုင်လင်မြို့တွင်

(၄)ဒီဂရီစင်တီဂရိတ်၊နမ့်စန်မြို့နှင့်ဟဲဟိုးမြို့တို့တွင်(၅)ဒီဂရီစင်တီဂရိတ်စီနှင့်ပင်လောင်းမြို့နှင့်မိုးကုတ်မြို့

တို့တွင်(၆)ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အခြအနေ။ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင်အများအားဖြင့်

သာယာနေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊

တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်

နေရာကွက်ကျားမိုးအနည်းငယ်ရွာနိုင်ပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။

ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင်နေရာကွက်ကျားမိုးအနည်းငယ်

ရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိန့်မှန်းချက်။ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။

လာမည့်စနေ့၊တနင်္ဂနွေအားလပ်ရက်များအတွက်မိုးလေဝသခန့်မှန်းချက်။ရန်ကုန်တိုင်းဒေသကြီးတွင်

တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး၊မန္တလေးတိုင်းဒေသကြီးတွင်နေရာကွက်ကျားမိုးအနည်းငယ်ရွာနိုင်ပါသည်။