DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၉-၅-၂၀၂၅:  ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်

 

(၁၀)ရက်ပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ဒုတိယ(၁၀)ရက်ပတ် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်
(၈-၁-၂၀၁၈ရက်နေ့ ထုတ်ပြန်သည်)
                   ဧရာဝတီမြစ်ရေသည် ဇန်နဝါရီလဒုတိယ(၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်း မြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊
မကွေးမြို့၊ အောင်လံမြို့၊  ပြည်မြို့၊  ဆိပ်သာမြို့၊ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်ခန့် ကျဆင်းလာနိုင်ပါသည်။
                  ချင်းတွင်းမြစ်ရေသည် ဇန်နဝါရီလ ဒုတိယ(၁၀)ရက်ပတ်အတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်ခန့် ကျဆင်းလာနိုင်ပါသည်။