DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၈-၃-၂၀၂၆:ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

၂၀၁၉ ခုနှစ်၊ မိုးလယ်ကာလအတွက် မိုးလေ၀သ ခန့်မှန်းချက်

၂၀၁၉ ခုနှစ်၊ မိုးလယ်ကာလအတွက် မိုးလေ၀သ ခန့်မှန်းချက်

 

၂၀၁၉ ခုနှစ်၊ မိုးလယ်ကာလ သတ်မှတ်ခြင်း

၁။      ၂၀၁၉ ခုနှစ်၊ မိုးလယ်ကာလသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ သြဂုတ်လ (၃၁)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ နယုန်လကွယ်မှ တော်သလင်းလဆန်း (၂)ရက်နေ့)အထိ ဖြစ်ပါသည်။

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ

၂။       ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌၀န်း(၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အနောက်တောင် မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ပါသည်။ မိုးလယ်ကာလတွင် မုတ်သုံလေအားပြတ်ခြင်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။

         

မိုးအခြေအနေ

၃။      မိုးရွာသွန်းမှု အ‌ခြေအနေမှာ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည်။