DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၉-၀၃-၂၀၂၄):ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

၂၀၂၂ ခုနှစ်၊ မိုးဦးကာလအတွက် မိုးလေ၀သခန့်မှန်းချက်

၂၀၂၂ ခုနှစ်၊ မိုးဦးကာလအတွက် မိုးလေ၀သခန့်မှန်းချက်

၂၀၂၂ ခုနှစ်၊ မိုးဦးကာလ သတ်မှတ်ခြင်း

၁။      ၂၀၂ ခုနှစ်၊ မိုးဦးကာလသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်

မုတ်သုံလေ စတင် ဝင်ရောက်သည့်နေ့မှ ၂၀၂ ခုနှစ်၊ ဇွန်လကုန်အထိ ဖြစ်ပါသည်။

၂၀၂၂ ခုနှစ်၊ မုတ်သုံလေ ဝင်ရောက်နိုင်မှုအ‌ခြေအနေ

၂။      အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်သို့ အောက်ပါ

အတိုင်း ဝင်ရောက်ဖွယ်ရာ ရှိပါသည်-

          (က)    မေလ (၈ -၁၃)ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊

          (ခ)     မေလ (၁၄ - ၂၀)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ၊

          (ဂ)     မေလ (၂၁ - ၂၆)ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသ

                   များနှင့်

          (ဃ)    မေလ (၂၇)ရက်နေ့မှ ဇွန်လ (၄)ရက်နေ့အတွင်း မြန်မာနိုင်ငံ

                   မြောက်ပိုင်းဒေသများ၊

ဘင်္ဂလားပင်လယ်အော်အခြေအနေ

၃။    ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌၀န်း ()ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊

()ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။

ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည် အားအသင့်အတင့်ရှိနိုင်

ပါသည်။

မိုးအခြေအနေ

၄။    မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး

တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊

ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်

တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။