DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၁-၈-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။

 

“၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလအတွင်း ‌ဖြစ်ပေါ်နိုင်သည့် လာနီညာအခြေအနေသတင်း”

၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလအတွင်း ‌ဖြစ်ပေါ်နိုင်သည့် လာနီညာအခြေအနေသတင်း”

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ရက်)

(က)    အီကွေတာအနီးရှိအပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာအားအနည်းငယ်ရှိသောလာနီညာအခြေအနေသို့ ရောက်ရှိနေပါသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရဒီဇင်ဘာလအတွင်း အားအနည်းငယ်ရှိသောလာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။

(ခ)     လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်းနှင့် ဒေသအချို့တွင် ညအပူချိန်များလျော့နည်းနိုင်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။

(ဂ)     လာနီညာဖြစ်ပေါ်မှုနှင့်ပတ်သက်သည့် အခြေအနေများအားအချိန်နှင့်တစ်ပြေးညီဆက်လက်ထုတ်ပြန်ပေးပို့သွားမည် ဖြစ်ပါသည်။