Tuesday, February 18, 2020 - 09:30

မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၂၅)မိနစ်၊ (၃၈)စက္ကန့်အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ မြောက်ဘက် (၉)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံ ပြည်တွင်း (ရေတာရှည်မြို့၏ အရှေ့တောင်ဘက် (၈)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၀၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၄၃) ဒီဂရီ၊ အနက် (၁၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။