DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၉-၁၀-၂၀၂၅:  ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်တင့်မှ တိမ်ထူထပ် နေပါသည်။

 

Myanmar Daily Weather Report

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက

မွန်ပြည်နယ်တွင်နေရာကွက်ကျား၊ဧရာဝတီတိုင်းဒေသကြီးနှင့်ကရင်ပြည်နယ်တို့တွင်နေရာကျဲကျဲ၊

တနင်္သာရီတိုင်းဒေသကြီး၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်နေပြည်တော်၊

စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေ

သကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး

၊နေပြည်တော် ၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီး

တို့တွင်ဒေသအလိုက်နှင့်ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်နေရာကွက်၍ မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာ

မိုးရေချိန်များမှာပုသိမ်ကြီးမြို့တွင်(၆.၄၃)လက်မ၊အမရပူရမြို့တွင်(၅.၄၈)လက်မ၊တံတားဦး(လေဆိပ်)တွင်

(၅.၂၈)လက်မ၊မြစ်သားမြို့တွင်(၅.၂၅)လက်မ၊မန္တလေးမြို့တွင်(၅.၁၆)လက်မ၊ကျောက်ဆည်မြို့တွင်(၅.၀၈)

လက်မ၊စဉ့်ကိုင်မြို့တွင်(၄.၅၆)လက်မ၊နေပြည်တော်(ဇဗ္ဗူသီရိ)တွင်(၄.၀၆)လက်မ၊နေပြည်တော်(ပုဗ္ဗသီရိ)တွင်

(၃.၉၄)လက်မ၊လွန်ကျော်မြို့တွင်(၃.၆၆)လက်မ၊ပျဉ်းမနားမြို့တွင်(၃.၅၈)လက်မ၊နေပြည်တော်(ဇေယျာသီရိ)တွင်

(၃.၄၃)လက်မနှင့်တောင်ကြီးမြို့တွင်(၃.၁၁)လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်အရှေ့အလယ်ပိုင်းတို့တွင်တိမ်

အသင့်အတင့်မှတိမ်ထူထပ်နေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအား

နည်းနေပါသည်။

မနက်ဖြန်နံနက်ထိခန့်မှန်းချက်။နေပြည်တော်၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေ

သကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာ

စိပ်စိပ်နှင့်စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်

နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊စစ်ကိုင်းတိုင်းဒေသကြီးတွင်ဒေသအလိုက်နှင့်

နေပြည်တော်၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်

တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။လှိုင်းအနည်းငယ်မှအသင့်အတင့်ရှိမည်။လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင်

(၃)ပေမှ (၈)ပေခန့် ရှိနိုင် ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှ

ဆုတ်ခွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။