နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၉ ခုနှစ်၊ မတ်လ (၈)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက
မန္တလေးတိုင်းဒေသကြီးတွင်နေရာအနှံ့အပြား၊ကချင်ပြည်နယ်တွင်နေရာစိပ်စိပ်၊နေပြည်တော်၊မကွေး
တိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကျဲကျဲနှင့်စစ်ကိုင်းတိုင်းဒေသကြီး
အထက်ပိုင်း၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့်ချင်းပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာခဲ့ပြီး၊ကျန်
တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပါသည်။နေ့အပူချိန်များမှာရှမ်းပြည်နယ်
(တောင်ပိုင်း)တွင်မတ်လ၏ပုံမှန်အပူချိန်အောက်(၆)ဒီဂရီစင်တီဂရိတ်၊မကွေးတိုင်းဒေသကြီးတွင်မတ်လ
၏ပုံမှန်အပူချိန်အောက်(၅)ဒီဂရီစင်တီဂရိတ်၊စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ကချင်ပြည်
နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်မတ်
လ၏ပုံမှန်အပူချိန်တို့အောက်(၃)ဒီဂရီစင်တီဂရိတ်မှ(၄)ဒီဂရီစင်တီဂရိတ်အထိလျော့နည်းခဲ့ပြီး၊ကျန်တိုင်းဒေ
သကြီးနှင့်ပြည်နယ်တို့တွင်မတ်လ၏ပုံမှန်အပူချိန်ခန့်သာရှိခဲ့ပါသည်။ထူးခြားသည့်နေ့အပူချိန်များမှာကော့
ကရိတ်မြို့တွင် (၃၈)ဒီဂရီစင်တီဂရိတ်နှင့်ရန်ကုန်(ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်)၊သာယာဝတီမြို့နှင့်ရေးမြို့
တို့တွင်(၃၇)ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာအမ်းမြို့တွင်(ဝ.၉၅)လက်မ၊
စစ်တွေမြို့တွင်(ဝ.၈၃)လက်မ၊ကျောက်ဖြူမြို့တွင်(ဝ.၆၇)လက်မ၊ကျောက်တော်မြို့နှင့်မင်းဘူးမြို့တို့တွင်
(ဝ.၂၄)လက်မစီနှင့် မကွေးမြို့တွင်(ဝ.၂၀)လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အတင့်
ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။မန္တလေးတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)နှင့်
ရခိုင်ပြည်နယ်တို့တွင်နေရာကျဲကျဲနှင့်နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊
ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့်ကယားပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။
ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။လှိုင်းအနည်းငယ်မှအသင့်အတင့်ရှိမည်။လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့တွင်(၄)ပေမှ(၆)ပေခန့်ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်မိုးဆက်လက်ထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါ သည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါ သည်။
လာမည့် စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက် မိုးလေဝသခန့်မှန်းချက်။နေပြည်တော်နှင့်မန္တလေးတိုင်းဒေ
သကြီးတို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာပြီး၊ရန်ကုန်တိုင်းဒေသကြီးတွင်တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။

