DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့ တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

Super Cyclonic Storm News No.18, 2020

စူပါဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ် (၁၈/၂၀၂၀)

 (၂၀၂၀ ပြည့်နှစ်၊ မေ  ၁၉  ရက်)        

 (မြန်မာစံတော်ချိန်(၀၈:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

စူပါဆိုင်ကလုန်းမုန်တိုင်း( Super Cyclonic Storm) အခြေအနေ

၁။       (က)    ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်များ

အရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော စူပါ

ဆိုင်ကလုန်းမုန်တိုင်း( Super Cyclonic Storm) အမ်ဖန် (AMPHAN)သည်

မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယ နိုင်ငံ၊ ပါရာဒစ်ပ်မြို့

(Paradip) (ဩရိဿ-Odisha)၏ တောင်ဘက် ရေမိုင် (၃၀၅) မိုင်ခန့်၊ ဒီဂါမြို့

(Digha)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၃၉၀)မိုင်ခန့်၊ ဘင်္ဂလား

ဒေ့ရှ်နိုင်ငံ၊ ကမ်ပူပါရာမြို့ (Khepupara)၏ တောင်-အနောက်တောင်ဘက်

ရေမိုင်(၄၅၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်

-အနောက်မြောက်ဘက် ရေမိုင် (၃၉၅)မိုင်ခန့်နှင့် ပုသိမ်မြို့ (Pathein)၏

အနောက်-အနောက်တောင်ဘက် ရေမိုင် (၄၈၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို

ဗဟိုပြုနေပါသည်။

 (ခ)       စူပါဆိုင်ကလုန်းမုန်တိုင်း(Super Cyclonic Storm) အမ်ဖန်

(AMPHAN)၏ လက်ရှိအခြေ အနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့

လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါ ရောင်အဆင့်ဟု သတ်မှတ်ပါ

သည်။

စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN) ၏

တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း

၂။       အဆိုပါ စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန်

(AMPHAN)သည် မြန်မာ စံတော်ချိန် (၀၇:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု

(၁၅.၂)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၆)ဒီဂရီ တွင်ရှိပြီး၊ ဗဟိုချက်လေဖိအား

(၉၂၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်

(၁၄၀)နှုန်း ဖြစ်ပါသည်။

နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်

၃။      အဆိုပါ စူပါဆိုင်ကလုန်းမုန်တိုင်း  (Super Cyclonic Storm) အမ်ဖန်

(AMPHAN)သည် မြောက်- အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေ

ဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်  

 ၄။     အဆိုပါ စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန်

(AMPHAN) ၏ အရှိန် ကြောင့် (၁၉.၅.၂၀၂၀)မှ (၂၁.၅.၂၀၂၀)ရက်နေ့အတွင်း

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေး

တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း

ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်း

ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်

နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ပါသည်။

မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက်  

၅။      မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်

လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာ

မှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျဉ် ရေပြင်/ မြေပြင်လေသည်

တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်

မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်

ပြင်တို့တွင် (၉)ပေမှ (၁၄)ပေ ခန့်ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ

ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် တစ်ခါတစ်ရံ

မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်။

မိုးသက် လေပြင်းကျဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်

မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-

တနင်္သာရီကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်

(၈)ပေမှ (၁၀)ပေခန့်ရှိနိင်ပါသည်။

အသိပေးနှိုးဆော်ချက်  

၆။      အဆိုပါ စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန်

(AMPHAN) ၏ အရှိန် ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးသက်လေပြင်းများ

ကျရောက်ပြီး၊ လှိုင်းကြီးမည့် အခြေအနေများကို မြန်မာ့ကမ်းရိုးတန်းတစ်

လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး သွားလာနေကြ

သော ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်းကောင်း၊ ဆိုးရွား

သည့် မိုးလေဝသအခြေအနေ များကို လေကြောင်းပျံသန်းရေးအနေဖြင့်

လည်းကောင်း  ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။