DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၁၆-၄-၂၀၂၄): ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

Tropical Storm “NOUL”warning (No.02/2020)

အပူပိုင်းမုန်တိုင်း"နို(လ်)"(NOUL)နှင့် ပတ်သက်သည့် သတိပေးချက် အမှတ်စဉ် (၀၂/၂၀၂၀)

(၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ၁၈  ရက်)

(မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

အပူပိုင်းမုန်တိုင်း“နို(လ်)”(NOUL)အခြေအနေ

၁။       ယနေ့မြန်မာစံတော်ချိန်(၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရတောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသောအပူပိုင်းမုန်တိုင်း"နို(လ်)"(NOUL)သည် ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံကမ်းခြေကိုဒါနန်းမြို့(Danang)အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး၊ လာအိုနိုင်ငံပေါ်တွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း"နို(လ်)"(NOUL)သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ ယနေ့ညနေပိုင်းတွင် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ထိုင်းနိုင်ငံပေါ်သို့လည်းကောင်း၊ (၁၉.၉.၂၀၂၀)ရက်နေ့တွင် လေပွေလှိုင်းအဖြစ် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများသို့လည်းကောင်းရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

၂။       အဆိုပါ အပူပိုင်းမုန်တိုင်း"နို(လ်)"(NOUL)၏ အရှိန်ကြောင့် ယနေ့ညနေမှ (၂၂.၉.၂၀၂၀)ရက်နေ့အတွင်းနေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါသည်။

အကြံပြုချက်

 ၃။     သို့ဖြစ်ပါ၍ အပူပိုင်းမုန်တိုင်း"နို(လ်)"(NOUL)၏ အရှိန်ကြောင့် မိုးသည်းထန်စွာထစ်ချုန်း ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။