DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၇-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၄/၂၀၂၀)

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၄/၂၀၂၀)

 (၂၀၂၀ ပြည့်နှစ်၊ မေ  ၁၆  ရက်)        

 (မြန်မာစံတော်ချိန်(၂၂:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အခြေအနေ

၁။       (က)    ယနေ့မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အမ်ဖန်(AMPHAN)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အမ်ဖန်(AMPHAN)သည် အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့ (Paradip) (ဩရိဿ-Odisha)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၅၅၅)မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၆၃၈)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်ပူပါရာမြို့(Khepupara)၏ အနောက်တောင်ဘက် ရေမိုင်(၆၉၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်တောင်ဘက် ရေမိုင်(၄၅၈) မိုင်ခန့်နှင့် ပုသိမ်မြို့(Pathein)၏ အနောက်တောင်ဘက် ရေမိုင် (၆၀၃)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

 (ခ)       ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အမ်ဖန်(AMPHAN)၏ လက်ရှိအခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အမ်ဖန်(AMPHAN)၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

၂။       (က)     အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အမ်ဖန်(AMPHAN)သည် မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၁.၀)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၂)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၇)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်း ဖြစ်ပါသည်။

နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်

၃။      (က)    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အမ်ဖန်(AMPHAN)သည် (၁၇.၅.၂၀၂၀) ရက်နေ့တွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) အမ်ဖန်(AMPHAN)အဖြစ်သို့လည်းကောင်း၊ (၁၈.၅.၂၀၂၀)ရက်နေ့တွင်အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) အမ်ဖန်(AMPHAN) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ပြီး၊ ကနဦးတွင် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီးနောက် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်  

 ၄။       (က)    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အမ်ဖန်(AMPHAN)၏အရှိန်ကြောင့် ယနေ့ညပိုင်းမှ နောက်(၄၈)နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။

  (ခ)     မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

 ၅။     (က)    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(CyclonicStorm) အမ်ဖန်(AMPHAN)၏ အရှိန်ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။