DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၆-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့ တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

၂၀၁၈ ခုနှစ်၊ မိုးနှောင်းကာလအတွက် မိုးလေဝသခန့်မှန်းချက်

၂၀၁၈ ခုနှစ်၊ မိုးနှောင်းကာလအတွက် မိုးလေဝသခန့်မှန်းချက်

 မိုးနှောင်းကာလသတ်မှတ်ခြင်း    
၂၀၁၈ ခုနှစ်၊ မိုးနှောင်းကာလသည် ခရစ်သက္ကရာဇ် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့

(မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်၊ ဝါခေါင်လဆုတ် (၆)ရက်နေ့)မှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ

အနောက်တောင် မုတ်သုံလေ ဆုတ်ခွာသည့်နေ့အထိ ဖြစ်ပါသည်။

 မုတ်သုံလေဆုတ်ခွာသည့် အခြေအနေ
    အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်မှ အောက်ပါအတိုင်း

ဆုတ်ခွာသွားဖွယ်ရာ ရှိပါသည်။

(က)    စက်တင်ဘာလ (၁၆ - ၂၁) ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ

လည်းကောင်း၊

(ခ)    စက်တင်ဘာလ (၂၂ - ၂၇) ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ

လည်းကောင်း၊

(ဂ)    စက်တင်ဘာလ (၂၈) ရက်မှ အောက်တိုဘာလ (၃) ရက်အတွင်း မြစ်ဝကျွန်း

ပေါ်ဒေသများမှ လည်းကောင်း၊ 

(ဃ)     အောက်တိုဘာလ (၄ - ၉) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ဆုတ်ခွာ

သွားဖွယ်ရာရှိပါသည်။

  ဘင်္ဂလားပင်လယ်အော်အခြေအနေ
    ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်တွင်

ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်

ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ  အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်

ပါသည်။

 မိုးအခြေအနေ

    ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲအောက် လျော့

နည်းနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး

တိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊

ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်  ရွာသွန်းမြဲခန့်

မိုးထစ်ချုန်း ရွာနိုင်ပါသည်။